Main menu

Export Promotion Zones (EPZs) များမှ Set-top Boxes၊ ပရိဘောဂ၊ အထည်အလိပ်များကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ

Powered by Drupal
အင်ဒိုနီးရှားနိုင်ငံသည် ကုန်စည်တင်ပို့မြှင့်တင်ရေးအတွက် တည်ထားသော Export Promotion Zones (EPZs) များမှတစ်ဆင့် ပြည်ပနိုင်ငံရှိဈေးကွက်များထံသို့ Set-top Boxes၊ ပရိဘောဂ (Furniture)၊ အထည်အလိပ် (Textiles) တို့ကို များပြားစွာတင်ပို့နိုင်နေပြီ ဖြစ်ကြောင်းသိရှိရပါတယ်။ ယင်းကဲ့သို့ တင်ပို့နိုင်ခြင်းမှာ အင်ဒိုနီးရှားနိုင်ငံမှ အစိုးရမှ Logistics Support စနစ်များများကို လုံလောက်စွာ ထောက် ပံ့ ပေးနေသည့်အတွက် တင်ပို့လုပ်ငန်းများကို အချိန်တိုအတွင်း ဆောင်ရွက်လာနိုင်ခြင်း ဖြစ် ကြောင်း သိရှိရပါတယ်။ ထိုကဲ့သို့ တင်ပို့နိုင်ခြင်းကြောင့် EPZ တွင် တည်ရှိသော ထုတ်လုပ်ရေးလုပ်ငန်းများသည် နှစ်စဉ်ဝင်ငွေသည် Export Volume ၁၅% ခန့်တိုးတက်လာနေသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း ၄၀,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်းကို Export Development Board မှထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)