Main menu

CHAUNG THAR (SEA FOOD နှင့် ရခိုင်ရိုးရာစားသောက်ဆိုင် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒုခရိုင်ဉီးစီးမှူး ဉီးကျော်ခိုင်ပါ(၄)ဉီးတို့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးမှ ဒေါ်အိအိခိုင်၊ (အမျိုးသမီးကျန်းမာရေး)၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဉီးစန်းမြင့်(လက်ထောက်အုပ်ချုပ်ရေးမှူး)ပါ(၂)ဉီးတို့ပါဝင်လျက် (၂၅.၆.၂၀၂၅) ရက်နေ့ နံနက်(၁၁:၁၅)အချိန်တွင် အမှတ်(၆၁၂)၊ မကွေးလမ်း၊ (၉)ရပ်ကွက်ရှိ CHAUNG THAR (Sea Food)နှင့် ရခိုင်ရိုးရာစားသောက်ဆိုင်သို့ ဝန်ဆောင်မှုကဏ္ဍအရ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဆိုင်တာဝန်ခံ ဉီးအောင်ကျော်ဝင်းမှ ပူးပေါင်းပါဝင်လျက် ဆိုင်အပြင်အဆင်သပ်ရပ်မှုရှိခြင်း၊ ဟင်းချက်ခန်းတွင်လည်း သန့်ရှင်းသပ်ရပ်မှုရှိခြင်း၊ အသားငါးနှင့်ဟင်း သီးဟင်းရွက်များကိုလည်း သီးခြားခွဲထားခြင်း၊ အမှိုက်ပုံးကိုလည်း ဖုံးအုပ်ထားခြင်း၊ မီနူးစာရွက်များ တွင်လည်း ဈေးနှုန်းများရေးသားဖော်ပြထားပြီး ပုဂံများဆေးကြောရာတွင်လည်း ဆပ်ပြာမှုန့်၊ ရေနွေး တို့ဖြင့် နေ့စဉ်ဆေးကြောပါကြောင်း၊ ချက်ပြုတ်သည့်ဝန်ထမ်းများမှာလည်း သပ်ရပ်မှုရှိခြင်းတို့ကို တွေ့ရှိရပြီး ကျန်းမာရေးဆရာမမှလည်း ချက်ပြုတ်သန့်ရှင်းရေးပြုလုပ်သည့်ဝန်ထမ်းများအားလုံးကို ကျန်းမာရေးဆိုင်ရာ ဆေးစစ်ချက်များလာရောက်ပြုလုပ်ရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)