Main menu

ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးရှိ စားအုန်းဆီလက်လီရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီရောင်းချသော ကုန်စုံဆိုင်များအား ၂၃.၆.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီအရောင်းဆိုင်များဖြစ်သော ဒေါ်မြသန်း၊ ဒေါ်ဥမ္မာ၊ ဦးစိုးသိန်း၊ ဒေါ်စန္ဒီ၊ ဒေါ်တူး၊ ဒေါ်ဆွေ၊ ဦးမြင့်သိန်း တို့၏ ကုန်စုံဆိုင်များတွင် စာအုပ်စနစ်ဖြင့် ဆီရောင်းချနေမှုများအား စစ်ဆေးခဲ့ပြီး ရရှိသော ဆီခွဲတမ်းများအား သိုလှောင်ထားခြင်း မပြုလုပ်ကြရန်၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီများအား အလေးချိန် မှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး စားအုန်းဆီများအား သိုလှောင် ၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး မြို့မဈေးအတွင်းရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များသည် Wilmar Myanmar ကုမ္ပဏီနှင့် လန်းလန်းဆန်းဆန်း ဆီကုမ္ပဏီများမှ စားအုန်းဆီထုတ်ကိုယ်စားလှယ် ဦးရဲဝင်းကျော်ထံမှတဆင့် ပြန်လည်၍ သတ်မှတ်ဈေးဖြင့် လက်လီဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)