Main menu

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကျင်းပပြုလုပ်

Powered by Drupal

ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၂၄ )ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ပြည်နယ်စားသုံး သူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ် စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် တင်ပြထားသည့် အမှာစာများအား ဖတ်ကြားရှင်းလင်းပြီးနောက် တက်ရောက်လာသော အဖွဲ့ဝင် အသီးသီးက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)