Main menu

ကံမမြို့၌ Signal အမှတ်တံဆိပ် သွားတိုက်ဆေးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၂၄-၆-၂၀၂၅)ရက်နေ့၊ နံနက် (၀၈း၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပူးပေါင်း၍ အမှတ်(၁/၂)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၃)ဆိုင်သို့ သွားရောက်၍ Signalအမှတ်တံဆိပ်ဖြင့် ကုန်ပစ္စည်းအတုများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     Signal အမှတ်တံဆိပ်သည် Unilever EAC Myanmar Co.,Ltd မှ တင်းသွင်းရောင်းချပြီး အရည်အသွေးမြင့်သွားတိုက်ဆေးတစ်မျိုးဖြစ်သည့်အတွက် ကံမမြို့ပေါ်ရှိကုန်စုံဆိုင်များအနေဖြင့်လည်း တရားဝင်ကုမ္ပဏီ၏ အရောင်းကိုယ်စားလှယ်များထံမှ မှာယူရောင်းချသည့်အတွက် Signal အမှတ်တံဆိပ်ဖြင့် ကုန်ပစ္စည်းအတုများမတွေရှိရကြောင်း၊ ဆိုင်ပိုင်ရှင်များအား တရားမဝင် ကုန်စည် များရောင်းချမှုမရှိစေရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ကုန်စည်များကိုသာရောင်းချစေရန် အသိပေးပြောကြားခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)