
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၆.၆.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်(၄)၊ ရှမ်းစုရပ်ကွက်ရှိ “ဘူးမင်း” အာလူးကြော် မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်း လေ့လာခဲ့ကြောင်း သိရသည်။
“ဘူးမင်း” အာလူးကြော်လုပ်ငန်းကို လုပ်ကိုင်သည်မှာ (၃)နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ မိသားစု တစ်နိုင်တစ်ပိုင်လုပ်ကိုင်ပါကြောင်း၊ တစ်ရက်ခြားလျှင် တစ်ခါကြော်ရကြောင်း၊ တစ်ခါကြော်လျှင် အာလူး(၉၀)ပိဿာကြော်ရပြီး ဆီ(၁၅)ပိဿာခန့်အသုံးပြုရကြောင်း၊ အာလူးကို ယခင်က ဆင်ဖြူ ကျွန်းမြို့မှ မှာယူရသော်လည်း ယခုအခါ ရှမ်းပြည်နယ်မှမင်းဘူးမြို့အထိ အိမ်အရောက် အာလူး (၁)ပိဿာလျှင် ကျပ်(၅၀၀၀)ဖြင့် ဝယ်ယူကြောင်း၊ ကုန်ကြမ်းအာလူး(၉၀) ပိဿာကြော်ရာတွင် ကုန်ချောအာလူးကြော် (၂၅)ပိဿာရရှိ ကြောင်း၊ ဈေးနှုန်းအနေဖြင့် အထုပ်အကြီး/ အသေး ပေါ်မူ တည်၍ ကျပ်(၅၀ဝ - ၁၀၀ဝ - ၁၅၀ဝ -၂၀၀ဝ)ဈေးနှုန်းရှိပါကြောင်း၊ ဈေးကွက်အနေဖြင့် မင်းဘူး မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ရောင်းချကြောင်း၊ အာလူး(၉၀)ပိဿာကျော်လျှင် အကျိုးအမြတ်အနေဖြင့် ကျပ်(၆၀၀၀ဝ)မှ (၇၀၀၀ဝ) အထိရရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)