Main menu

ကျိုက်ထိုမြို့နယ်တွင် ပြည်သူများသို့သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးနေမှုများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၂၅.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ခနိုင်ရပ်ကွက်၊ ဇီဇဝါခြောက်လမ်းတွင် ဇော်ဂျီဆီဆိုင်မှ စားအုန်းဆီရောင်းချပေးနေမှုအား စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းနှင့် မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူပြည်သူများပွင့်လင်းမြင်သာ စွာရှိစေရေးအတွက် သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချမှု ရှိ/မရှိတို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အိမ်ထောင်စုတစ်စုလျှင် (၁) ပိဿာနှုန်းဖြင့် (၁) ပိဿာလျှင် (၆၈၁၈) ကျပ်ဖြင့် (၅၅၀) ပိဿာ ရောင်းချပေးကြောင်း သိရှိရပါသည်။

DOCA (မွန်)