Main menu

မော်လမြိုင်မြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    ၂၅.၆.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် မော်လမြိုင်မြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဟောပြောပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ” အကြောင်းအရာများကို  ဆွေးနွေးခဲ့ပြီး၊  မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က  ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကို ရွေးချယ် ဝယ်ယူစားသုံးကြရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် Consumer Call Center No. (1535) သို့ ဆက်သွယ် မေးမြန်းတိုင်ကြားနိုင်ကြောင်းဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှသိလိုသည်များကို အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)