Main menu

“တွံတေးမြို့နယ်အတွင်းရှိမုန့်ဖတ်အရောင်းဆိုင်များတွင်မုန့်ဖတ်အမျိုးမျိုးအား ဖော်မလင်နှင့်ဆိုးဆေးပါဝင်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ မုန့်ဖတ်အရောင်းဆိုင်များတွင် မုန့်ဖတ်အမျိုးမျိုးအား အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (တောင်ပိုင်း ခရိုင်)မှ ဦးဆောင်၍ ဇွန်လ(၂၇)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပူးပေါင်းဌာနများဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (တောင်ပိုင်းခရိုင်)မှ ဦးစီးအရာရှိနှင့် အဖွဲ့ဝင်များ၊ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ ကျန်းမာရေးမှူး တွံတေးမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ဈေးတာဝန်ခံတို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် မုန့်ဖတ်အမျိုးမျိုး ရောင်းချလျက်ရှိ သော ဈေးသစ်ရပ်ကွက်ရှိ လှိုင်ရတနာထွန်း မုန့်ဖတ်ဆိုင်မှ မုန့်ဖတ်၊ နန်းကြီး၊ ညှပ်ခေါက်ဆွဲ၊ နှင့် အိုးဖိုရပ်ကွက်ရှိ မဥမ္မာမုန့်ဖတ်အရောင်းဆိုင်မှ မုန့်ဖတ်၊ ညှပ်ဖတ်၊ နန်းကြီးစသည့် မုန့်ဖတ် မျိုးစုံအား နမူနာယူဆောင်၍ ရွေ့လျားဓာတ်ခွဲခန်းကားတွင် ဖော်မလင်နှင့် ဆိုးဆေးများ ပါဝင်မှု ရှိ/မရှိကို စစ်ဆေးခဲ့ရာ အဆိုပါ မုန့်ဖတ်မျိုးစုံတွင် ခွင့်မပြုဓာတုပစ္စည်းများ အသုံးပြုမှုမရှိသည်ကို တွေ့ရှိရပြီး အဆိုပါ ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း စားသုံးသူများ ဘေးကင်းစေရန်အတွက် ယခုကဲ့သို့ ဖော်မလင်နှင့် ဆိုးဆေးများ ပါဝင်မှုမရှိသည့် မုန့်ဖတ်များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပါ ရန် အသိပညာပေး ပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)