
ကမ္ဘောဒီးယား၏ အဓိကစီးပွားရေးအချက်အချာအဖြစ်လျှင်မြန်စွာပေါ်ထွန်းလာသည့် Preah Sihanouk ပြည်နယ်နှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အင်ဒိုနီးရှား သည် ကမ္ဘောဒီးယားနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုချိတ်ဆက်ရေးတိုးချဲ့ရန် ကြိုးပမ်းနေ ကြောင်း သိရပါသည်။ ထိုကနဦးဆောင်ရွက်မှုကို Preah Sihanouk ပြည်နယ်အုပ်ချုပ်ရေးမှူး Mang Sineth နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီး Santo Darmosumarto တို့ကြား ဇွန်လ ၂၃ ရက်နေ့ကအစည်းအဝေးအတွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေး၊ ခရီးသွားကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုအစ ရှိသည့် အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး Sineth က ကမ္ဘောဒီးယား၏အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအောက်တွင် ပြည်နယ်၏အသွင်ကူးပြောင်းမှုကို အသားပေးပြောကြားခဲ့ပြီး ဘက်ပေါင်းစုံရည်ရွယ်သည့်အထူးစီးပွားရေးဇုန်ဖြစ်လာရန် ပြည်နယ်၏ရည်ရွယ်ချက်ကိုပံ့ပိုးမည့် အဓိကအခြေခံအဆောက်အအုံအဆင့်မြှင့်တင်မှုများကို မှတ်ချက်ပြုပြောကြားခဲ့ကြောင်းသိရ ပါသည်။ Sineth က ၎င်းတို့သည်ထောက်ပံ့ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သန့်စင်သော စွမ်းအင်နှင့် ခရီးသွားကဏ္ဍတို့တွင် အားကောင်းသောအဟုန်၌ရှိနေကြောင်းနှင့် ပြည်နယ်သည် ယခုအခါ ရေနက်ဆိပ်ကမ်း၊ နိုင်ငံတကာလေဆိပ်၊ အဝေးပြေးလမ်းများနှင့် ခေတ်မီစနစ်များတိုးချဲ့ လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ သံအမတ်ကြီးကလည်း စီးပွားရေးချိတ်ဆက်မှုအားကောင်း ရေးတွင် အင်ဒိုနီးရှား၏စိတ်ဝင်စားမှုကို ထပ်မံအတည်ပြုခဲ့ပြီး အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံသူများ သည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားမှုမြင့်တက်နေကြောင်း၊ Kompong Dewa Resort သည် မြေပြင်တွင် ၎င်းတို့၏စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပေါ်ထွန်းမှု၏ ဥပမာ ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားအစိုးရ၏ လုံခြုံမှုထိန်းသိမ်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုသင့်လျှော်သော ဝန်းကျင်ကိုပံ့ပိုးမှုအတွက် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ Sineth က ၎င်းတို့သည် အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံသူအားလုံးအတွက် တံခါးဖွင့်ထားကြောင်းပြောကြားခဲ့ပြီး ကုန်သွယ်ရေး၊ ခရီးသွားကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံတို့တွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ထိုအစည်းအဝေးသည် ကမ္ဘောဒီးယား နှင့် အင်ဒိုနီးရှားကြား ၆၆ နှစ်မြောက်သံတမန်ဆက်ဆံရေးနှစ်ပတ်လည်နေ့နောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
Khmer Times
DOCA (ရန်ကုန်)