Main menu

ပြည်ခရိုင်အတွင်းတွင် ဝါ၊ စိမ်း၊ နီ၊ ပြာ အမှိုက်ပုံးများ ထားရှိပြီး

Powered by Drupal

ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဝါ၊ စိမ်း၊ နီ၊ ပြာ အမှိုက်ပုံးများ ထားရှိရေး သန့်ရှင်းသောရေများ ရရှိရေးညှိနှိုင်း အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဝန်ထမ်းများဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးက ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှုဆိုင်ရာ လုပ်ငန်းအစီအမံများ၊ သန့်ရှင်းသော ရေရရှိရေး ရေအရင်းအမြစ်များနှင့် စားသုံးသူပြည်သူများ ကျန်းမာစေရေး၊ ရုံးရှိ ဝန်ထမ်းများ အမှိုက်များကို စနစ်တကျစွန့်ပစ်ရေး၊ အမှိုက်ပုံးများကို ဝါ၊ စိမ်း၊ နီ၊ ပြာစနစ်တကျထားရှိရေး၊ အမှိုက်ပုံးအဝါဆိုလျှင် အမှိုက်ခြောက် ထည့်ရန်၊ အမှိုက်ပုံး အစိမ်းဆိုလျှင် အမှိုက်စိုထည့်ရန်၊ အမှိုက်ပုံး အပြာဆိုလျှင် ပလပ်စတစ် အမှိုက်ထည့်ရန်နှင့် အမှိုက်ပုံး အနီဆိုလျှင် ဘေးအန္တရာယ်ရှိ အမှိုက်ထည့်ရန်၊ ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
DOCA(ပဲခူး)