Main menu

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဂေါ်ရခါးသီး နှင့် ကျောက်ဖရုံသီးဈေးနှုန်း

Powered by Drupal
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ဂေါ်ရခါးသီးကိုလည်း မန္တလေးမြို့မှ မှာယူ ရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ ဂေါ်ရခါးသီး အလုံးကြီး တစ်လုံးလျှင်(၈၀၀)ကျပ်၊ ဂေါ်ရခါးသီး အလုံး အလတ် တစ်လုံး လျှင်(၇၀၀) နှင့် အလုံးသေး တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံးသီး အကြီးတစ်လုံးလျှင်(၇၀၀၀)ကျပ်၊ အလတ် တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ သေးတစ်လုံးလျှင်(၃၀၀၀)ကျပ် နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ကုန် စိမ်း သီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)