Main menu

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဒူးရင်းသီး ဈေးနှုန်း

Powered by Drupal
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ဒူးရင်းသီးကိုလည်း မန္တလေးမြို့မှ မှာယူ ရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဒူးရင်းသီး ဈေးနှုန်း များမှာ ဒူးရင်းသီး အကြီး တစ်လုံးလျှင်(၅၀၀၀၀)ကျပ်၊ အလတ် တစ်လုံးလျှင် (၃၅၀၀၀) နှင့် အလုံးသေး တစ်လုံးလျှင် (၃၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)