
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မွေးမြူရေး နှင့် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ ရိုးရိုး ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင် တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့များကို ကျွန်းလှမြို့ ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချ လျက်ရှိကြောင်းသိရသည်။
ဗမာနွားများသည် သဘာဝအစားအစာဖြစ်သော မြက်၊ ကောက်ရိုး၊ ပဲမှော်များကို သာကျွေးရပေမဲ့ နို့စားနွားများကိုဖြင့် အသင့်စား အစာမှုန့် ၊ ပဲပတ်၊ ကုလာပဲဆံမှုန့် ၊ ဆန်ကွဲ နှင့် မြက်နုများကိုသာ ကျွေးမွေးရခြင်းဖြင့် နွားနို့အထွက်နှုန်းကောင်းပြီး စီးပွားရေးအရ တွက်ခြေကိုက်သည့်အတွက် မွေးမြူသင့်ကြောင်း မွေးမြူရေးလုပ်ကိုင်သူထံမှ သိရသည်။
၂၀၂၅ ခုနှစ် ၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်း များမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၀၀၀)ကျပ်၊ နွားနို့ခဲ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ် (၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မွေးမြူရေး လုပ်ငန်းလုပ်ပြီး နွားနို့ ရောင်းချနေသူထံမှ သိရသည်။
DOCA(စစ်ကိုင်း)