
မြန်မာနိုင်ငံတွင် ရာသီဥတု ( ၃ ) မျိုးရှိသည့်အနက် သူ့ရာသီနှင့်သူ ရာသီစာများဒေသအလိုက် ပေါများလှပါသည်။ ယခုအခါတွင် မိုးဦးကျအချိန်ဖြစ်သည့် ရာသီစာအစားသောက်များအနက် ဖား၊ မှို၊ အင်ဥ၊ မျှစ်၊ ဟင်းသီးဟင်းရွက်များ စသည်ဖြင့် လတ်လတ်ဆတ်ဆတ် စားသုံးရနိုင်သောကြောင့် သဘာဝမှပေးသော ရာသီစာအစားအစာများ ပေါများသော မိုးရာသီကာလတွင် မျှစ်စိမ်းသည်လည်း ရောင်းအားကောင်း၍ လူကြိုက်များသော သဘာဝလက်ဆောင်တစ်မျိုးဖြစ်ပါသည်။
ကလေးမြို့ပေါ်ရှိ ဈေးများတွင် မျှစ်စိမ်း၊ မျှစ်ရေစိမ်၊ မျှစ်ပြုတ်၊ မျှစ်ချဉ် စသည်ဖြင့် ဈေးကွက်အတွင်း ရောင်းချနေသည်ကို တွေ့ရပြီး ဈေးနှုန်း/ဈေးကွက်များအနေဖြင့် မျှစ်စိမ်း ( ၁ ) ဗူးလျင် ( ၁၀၀၀ ) ကျပ်၊ မျှစ်ပြုတ်အနေဖြင့် ( ၂၅ ) ကျပ်သားလျင် ( ၂၀၀၀ ) ကျပ်၊ ( ၁ ) ပိဿာလျင် ( ၆၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက် ရှိပါကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)