Main menu

ရာသီမရွေးစိုက်ပျိုးစားသုံးနိုင်သည့် ရုံးပတီသီး

Powered by Drupal

ကလေးမြို့နယ် ဆည်တော်ဦးကျေးရွာမှ ရာသီမရွေးစိုက်ပျိုး၍ ရောင်းပန်းဝင်လျက်ရှိသည့် ရုံပတီသီးသည် နှစ်စဉ် မိသားစုအပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရ လွယ်ကူသော စားဖိုဆောင်သီးနှံ ဖြစ်သည့်အပြင် ကျန်းမာရေးနှင့် သင့်တော်သော အသီးတစ်မျိုးဖြစ်သည်။
ဆည်တော်ဦးကျေးရွာမှ ထွက်ရှိသော ရုံးပတီးသီးများသည် ကလေးမြို့ပေါ်သို့ ဖောက်သည် ပေး၍ ကလေးမြို့မဈေးအတွင်း ရောင်းချသည့် ပေါက်ဈေးနှုန်းအနေဖြင့် ရုံးပတီသီး ( ၂၅ ) သားလျှင် ( ၃၀၀၀ ) ကျပ်၊ တစ်ပိဿာလျင် ( ၁၀၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကာ ယခုအခါတွင် ( ၅၀၀ ) ကျပ်ခန့် အနည်းငယ်ဈေးနှုန်းမြှင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)