Main menu

တာဟန်းဈေးအတွင်းရောင်းချနေသည့် ဆတ်သားခြောက်ဈေးနှုန်းများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်ရှိ တာဟန်းဈေးဟု လူသိများကြသည့် ချင်းတိုင်းရင်းသား အများစု ဈေးရောင်းချလျက်ရှိသော ရိုးရာအစားအစာများ၊ သစ်သီးဝလံများ၊ စားဖိုဆောင်သီးနှံများ၊ ကုန်ခြောက်များ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများလည်း စုံလင်စွာ ရောင်းချနေသည်ဟု သိရှိရပါသည်။
ကလေးမြို့ပေါ်ရှိ ဈေးများအနက် တောဝက်သားခြောက်၊ ဆတ်သားခြောက်များ၊ ဂျီသားခြောက်များ၊ မျောက်သားခြောက်များ စသည်ဖြင့် တောကောင်သားများရရှိသည့် ဈေးဟုဆိုရာတွင် တာဟန်းဈေးကိုသာ ပြေးမြင်ကြရပါသည်။ တာဟန်းဈေးအတွင်း ရောင်းချနေသည့် အသားခြောက်ဈေးနှုန်းများအနေဖြင့် ဆတ်သားခြောက် ( ၁ ) ပိဿာလျင် ( ၉၀၀၀၀ ) ကျပ်၊ ဂျီသား ခြောက် ( ၁ ) ပိဿာလျင် ( ၉၀၀၀၀ ) ကျပ်၊ တောဝက်သားခြောက် ( ၁ ) ပိဿာလျင် ( ၈၀၀၀၀ ) ကျပ်၊ မျောက်သားခြောက် ( ၁ ) ပိဿာလျင် ( ၉၀၀၀၀ )ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ် ဖောက်ကားလျက်ရှိပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)