စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၅-၈-၂၀၂၂) ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၂၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားအစီအစဥ်(၄)ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းမော်မှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ ဦးစီးမှူးကစားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံနှင့် ဥပဒေတွင်ပါဝင်သောစားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်း၊ ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့သော တိုင်ကြားမှုများအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ဦးစိန်ဝင်း၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သောဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကိုအသိပေးပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသော ကျောင်းသား/သူ၊ဆရာ/ ဆရာမများအနေဖြင့် သိလိုသည်များကို ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့ရာ ဆွေးနွေးမေးမြန်းခြင်းမရှိပါသဖြင့် ဟောပြောပွဲအား(၁၂း၀၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ပြီးတက်ရောက် အင်အား (၁၅၀)ဦးခန့်ရှိကြောင်းသတင်းရရှိပါသည်။
DOCA (ပြည်ထောင်စုနယ်မြေ)