Main menu

နာနတ်သီး ဈေးနှုန်းဈေးကွက်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  နာနတ်သီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ်များစွာပါဝင်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့် အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည့်ဖြင့် နှစ်သက်သည့်အတိုင်း စားသုံးကြပါသည်။

    ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော နာနတ်သီးဈေးနှုန်းမှာ နာနတ်သီးအသေး (၁)လုံး လျှင် (၂၀၀၀) ကျပ်နှင့် နာနတ်သီးအကြီး (၁)လုံးလျှင် (၃၅၀၀) ကျပ် အထိရောင်းချလျက်ကြောင်း နာနတ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)