Main menu

ပိန္နဲသီး ဈေးနှုန်းဈေးကွက်

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  ပိန္နဲသီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

   ဈေးကွက်အတွင်းရောင်းချနေသော ပိန္နဲသီးများကို ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနသ်ာရီနှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် အစိုက်များပါသည်။ အတွေ့ရများသောမျိုးများမှာ ပိန္နဲအိမ်ပျော့နှင့် ပိန္နဲအိမ်မာတို့ဖြစ်ပါသည်။

   ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော ပိန္နဲသီးဈေးနှုန်းမှာ ပိန္နဲသီးအသေး (၁)လုံး လျှင် (၁၀၀၀) ကျပ်၊ ပိန္နဲသီးအလတ်(၁)လုံးလျှင် (၃၀၀၀) ကျပ်နှင့် ပိန္နဲသီးအကြီး (၁)လုံးလျှင် (၆၅၀၀) ကျပ် အထိရောင်းချလျက်ကြောင်း ပိန္နဲသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)