Main menu

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ပဲတောင့်ရှည်ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ဒေသထွက်ပဲတောင့်ရှည်သီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ပဲတောင့်ရှည်သီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့် ပဲတောင့်ရှည်သီးဈေးနှုန်းများမှာ ပဲတောင့်ရှည်(၅)တောင့်ပါ(၁)စည်း လျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည် (၅)တောင့်ပါ (၅)စည်းလျှင် (၂၅၀၀)ကျပ်၊  ပဲတောင့်ရှည် (၁၀)စည်း ပါ(၁)ထုံးလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)