Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီးပေါ်သီးနှံများ၊ ကုန်စိမ်းများနှင့် အခြားဒေသထွက်ကုန်များကိုလည်း ရောင်းချလျက်ရှိရာ ယခုအခါ ပဲပြားများကို ရွှေဘို မြို့မှ မှာယူရောင်းချကြကြောင်း သိရသည်။

    ပဲပြားသည် ပရိုတင်းဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာတစ်မျိုးဖြစ်ပြီး ပဲပြားကို ကြော်စားခြင်း၊ တုတ်ထိုးလုပ်စားခြင်း၊ ပဲပင်ပေါက်နှင့်ကြော်စားခြင်း၊ ပဲပြားသုပ် လုပ်စားနိုင်သောကြောင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော  အရာင်းအဝယ်သွက်လျက်ရှိ ကြောင်း၊ ၂၀၂၅ခုနှစ်၊  ဇူလိုင်လ ပထမပတ်အတွင်း ရောင်းချနေသော ပဲပြားဈေးနှုန်းမှာ ပဲပြား (၁)ပိဿာလျှင် (၉၅၀၀)ကျပ်၊ ပဲပြား(၅၀)ကျပ်သားလျှင် (၄၈၀၀)ကျပ်၊ ပဲပြား(၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ပဲပြား(၁၀)ကျပ်သားလျှင် (၁၃၀၀)ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ပဲပြားရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)