
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးများ စတင်ရောင်းချလျက်ရှိပါသည်။ဩဇာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါ ဆေးဖက်ဝင်သော အပင်ဖြစ်သည်။ဩဇာသီးပင်များကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့်နတ်ပေးကျေးရွာ၊နတ်အင်း ကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ် ဇူလိုင်လ ပထမပတ်တွင် ရောင်းချသော ဩဇာသီး ဈေးနှုန်းများမှာ အရွယ်အစားအလိုက် ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချရပြီး အရွယ်သေးအလုံးသေး(၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း ဩဇာသီးရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)