Main menu

ဇွန်လ စတုတ္ထပတ်တွင် ရောင်းချနေသော ငှက်ပျောသီးဈေးနှုန်းများ

Powered by Drupal
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ ပြည်ထောင်စုဈေး၊ မန်းကျည်းပင်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဒေသထွက် ငှက်ပျောနှင့် အခြား ဒေသများမှ ငှက်ပျောသီးများကို ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ် ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ် နေသော ငှက်ပျောသီး ဈေးနှုန်းများမှာ ဌက်ပျောချဉ်( ၁ )ဖီးလျှင် ( ၂၀၀၀)ကျပ်၊ ငှက်ပျောဖီးနု ( ၁ ) ဖီးလျှင် ( ၃၀၀၀)ကျပ်၊ ငှက်ပျောသီးမွှေး အလုံး (၂၀) ပါ အလှ ( ၁ ) ဖီးလျှင် ( ၅၀၀၀)ကျပ်၊ ငှက်ပျောဖီးကြမ်း( ၁ )ဖီးလျှင် ( ၃၅၀၀) ကျပ်၊ ရခိုင်ငှက်ပျော ( ၁ )ဖီးလျှင် ( ၂၅၀၀) ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းကျပ် ( ၅၀၀)ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။ DOCA(စစ်ကိုင်း)