Main menu

မီးမွှေးစာအဖြစ်အသုံးပြုကြသည့် ထင်းရှုးဆီ

Powered by Drupal

     ရွှေဘိုမြို့ပေါ်ရှိ ဈေးများ၊ ရပ်ကွက်များတွင်  မီးမွှေးစာအဖြစ် အသုံးပြုကြသည့် ထင်းရှုးဆီများကို ရောင်းချလျက်ရှိ‌ကြောင်း၊ ထင်းရှုးဆီများကို မန္တလေးမှမှာယူရောင်းချကြကြောင်း၊ ထင်းရှုးဆီကို မန္တလေးမှ ဝယ်ယူရာတွင် အတုံးအဖြစ်ဝယ်ယူရကြောင်း၊ ရောင်းချမည့်သူမှ ထင်းရှုးတုံးကို အရွယ်တော်အချောင်းများ ခုတ်ဖြတ်၍ ထင်းရှုးအကာနှင့် ထင်းရှုးပါသည့်အနှစ်ကို မျှတအောင်စည်းပြီး ပြန်လည်၍ ရောင်းချချကြောင်း၊ ထင်းရှုးဆီမှာ အတိုနှင့် အရှည်ဟူ၍ ခွဲခြားပြီးရောင်းချကြောင်း၊ ထင်းရှုးဆီအတို (၁)စည်း လျှင် (၅)ချောင်း ထည့်၍ ထင်းရှုးဆီအတို(၈)စီးလျှင် (၁၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချကြောင်း၊ ထင်းရှုးဆီ အရှည် (၁)စည်းလျှင် (၃)ချောင်းထည့်၍ ထင်းရှုးဆီအရှည် (၁၀)စီးလျှင် (၁၅၀ဝိ/-) ကျပ်ဖြင့် ရောင်းချကြောင်း၊ အိမ်ရှင်မများ၊ ထမင်းဆိုင်များနှင့် ပြန်လည်ရောင်းချသည့်ဆိုင်များမှ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)