Main menu

ဈေးနှုန်းမြင့်တက်နေသည့် ခရမ်းသီးနှင့် ရုံးပတီသီးဈေးနှုန်း

Powered by Drupal

      ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် သီးနှံမျိုးစုံများရောင်းချလျက်ရှိရာ ခရမ်းသီးနှင့် ရုံးပတီသီးများ ကို လည်းရောင်းချလျက်ရှိပါသည်။ ခရမ်းသီးနှင့်ရုံးပတေသီးများကို မိမိတို့အိမ်များတွင် တစ်နိုင်တစ်ပိုင်အဖြစ်စိုက်ပျိုးကြပြီး၊ ခြံများ၊ ကုန်းများတွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ရွှေဘိုမြို့နယ်အတွင်းရှိ ရွာများမှလည်းကောင်း၊ ရေဉီးမြို့မှလည်းကောင်း၊ ဝက်လက်မြို့နယ် သမ္မရိုးကျေးရွာ၊ ရွှေ ပန်းကုန်းကျေးရွာများမှလည်းကောင်း လာရောက်ရောင်းချချကြောင်း၊ ခရမ်းသီးနှင့် ရုံးပတေသီးများ မှာ လှိုင်လှိုင်ထွက်ရှိသော်လည်း သယ်ယူစရိတ်မြင့်မာခြင်းကြောင့် ဈေးနှုန်းမြင့်တက်ရကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (ပထမ)ပတ်တွင် ရောင်းချနေသော ခရမ်းသီးဈေးနှုန်းမှာ (၁)ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ရုံးပတေသီးဈေးနှုန်းမှာ (၁)ပိဿာလျှင် (၃၈၀ဝိ/-)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)