Main menu

ကြက်တက်ရွက်ပြုတ် နှင့် ကြက်မောက်ဖြူရွက်ပြုတ်ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက် ပြုတ် ရောင်းချလျက်ရှိပါသည်။ ကြက်တက်ရွက် နှင့် ကြက်မောက်ဖြူရွက်တို့မှာ မိုးဦးကျစတွင် စတင် ပေါက်ရောက်လေ့ရှိသော အရွက်မျိုးလည်းဖြစ်ပါသည်။ ကြက်တက်ရွက် နှင့် ကြက်မောက်ဖြူရွက် များကို တောထဲ၌သွားခူးကာ ပြုတ်၍ အလေးချိန်နှင့်ရော လက်တွင်းတစ်ဆုတ်စာ အလုံးလေးများလုံပြီး ဈေးထဲ တွင် ရောင်းချကြပါသည်။
ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လဖက်အစားထိုး သရေစာတစ်မျိုး ဖြစ်ပါ သည်။ ကြက်တက်ရွက်ကို ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး တွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ် ဈေးနှုန်းအနေဖြင့် ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင် (၅၀၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ကြက်တက်ရွက်ပြုတ် (၁၀)ကျပ် သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း ကြက်မောက်ဖြူရွက်ပြုတ် တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ကြက်မောက်ဖြူရွက်ပြုတ်(၁၀)ကျပ်သားခန့် တစ်လုံးလျှင် (၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း မိုးရွာသွန်းသည့်အတွက် ကြက်တက်ရွက် နှင့် ကြက်မောက် ဖြူရွက်များ လှိုင်လှိုင်ထွက်ရှိပြီး အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးရှိ ဟင်းရွက်ပြုတ် ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)