Main menu

ဂေါ်ဖီထုတ်(မုံလာထုတ်) နှင့် ပန်းဂေါ်ဖီဈေးနှုန်း

Powered by Drupal

သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို ကျွန်းလှမြို့နယ်အတွင်းထွက်ရှိသည့် ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။
ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို စားသောက်ဆိုင်များ၊ ကော်ပြန်ဆိုင်များ၊ အကြော်ဆိုင်များ နှင့်မုန့်လင်မယားဆိုင်များတွင် အသုံးပြုသည့်အတွက် အရောင်းသွက်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။
ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက် ရှိသော ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် အကြီး တစ်ထုတ်လျှင် (၃၀၀၀)ကျပ်၊ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အလတ် တစ်ထုတ်လျှင်(၂၅၀၀)ကျပ်နှင့် ဂေါ်ဖီထုတ်(ခေါ်) မုံလာထုတ် အသေး တစ်ထုတ်လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက် ရှိသော ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အကြီး တစ်ထုတ်လျှင် (၃၅၀၀)ကျပ်၊ ဂေါ်ဖီထုတ်(ခေါ်) မုံလာထုတ် အလတ် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်နှင့် ဂေါ်ဖီထုတ်(ခေါ်) မုံလာထုတ် အသေး တစ်ထုတ် လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင် (၃၅၀၀)ကျပ် နှင့် ပန်းဂေါ်ဖီ အသေး တစ်ပွင့်လျှင်(၃၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက မုံလာထုတ်ဈေး အနည်းငယ် မြင့်တက်ပြီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံရောင်းချသူထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)