Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငရုပ်သီးစိမ်း ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင် သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး ၊ ရုံးပတီသီး နှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုပ်သီးစိမ်းများဖြစ်သည့် မိုးထော်ငရုပ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုပ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။
ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း၌ ငရုပ်သီး စိမ်း၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၂၅၀၀)ကျပ် ၊(၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည် လျှင်(၁၀၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၅၀၀)ကျပ်နှင့် ကုလားအော် ငရုပ်သီးစိမ်း တစ်ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း ၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ၊(၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည် လျှင်(၁၀၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၃၀၀)ကျပ်နှင့် ကုလားအော် ငရုပ်သီးစိမ်း တစ်ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဖြင့် နှိုင်းယှည်ကြည့်မည်ဆိုပါက မိုးထော်ငရုပ် ကျောက်စိမ်းသီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)