
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မရွေးကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ဆန်လှော်မရွေးကိူ ဒေသ ထွက်အစားအစာအဖြစ် သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်ရေ ၊ ကြံသကာရေ လောင်းထား သော ဆန်လှော်မရွေးဖြစ်ပါသည်။ ဆန်လှော်မရွေးသည် ကြွပ်ကြွပ် ရွရွဖြင့် စားကောင်းပြီး ရေသောက် လျှင် ဗိုက်ပြည့်သော အစားအသောက်ဖြစ်သည့်အတွက် စားသုံးသူများမှ ဝယ်ယူစားသုံးကြမှုမှာ များပြား ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း နှင့် ဆန်လှော်မရွေးကို ရွှေဘိုမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ဆန်လှော် မရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မရွေး လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဆန်လှော်မရွေး လက်လီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဆန်လှော်မရွေး (၅၀) ကျပ်သားလျှင် (၆၀၀၀) ကျပ်၊ မန်းမရွေး (၂၅)ကျပ်သား လျှင် (၃၀၀၀)ကျပ် နှင့် မန်းမရွေး(၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း သစ်ရာမြိုင်ဈေးအတွင်းရောင်းချနေသော မရွေးသည်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)