
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချ လျက်ရှိသော ရွှေပဲသီးဈေးနှုန်းမှာ လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်နှင့်၂၅ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၁၀) ကျပ်သားလျှင် (၁၂၀၀)ကျပ်ဈေးနှုန်းများဖြင့်လည်းကောင်း ဘိုစားပဲသီးဈေးနှုန်းမှာ ဘိုစားပဲသီး လက်က္ကား တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ဘိုစားပဲသီး(၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)