Main menu

ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် မျှစ်စိမ်း၊မျှစ်ပြုတ်ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဂါးတာကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ နတ်အင်း ကျေးရွာ၊ နတ်ပေးကျေးရွာများတွင် သဘာဝအလျောက်ထွက်ရှိပြီး တောတောင်များကြားတွင် ပေါက်ရောက်သည့် ဝါးပင်မှ ထွက်ရှိသည့် ဝါးပင်ပေါက် (ခေါ်) မျှစ်များကို ဒေသခံရွာသားများက မျှစ်စိမ်း၊ မျှစ်ပြုတ်ဟူ၍ မျှစ်များကို အမျိုးအစားခွဲကာ ရောင်းချကြောင်းသိရှိရပါသည်။
မျှစ်သည် မိုးဦးကျကာလတွင် စတင်ထွက်ပေါ်ပြီး မျှစ်များကို မျှစ်စိမ်းနှင့်မျှစ်ပြုတ်ဟူ၍ ရောင်းချကြကြောင်း၊ မျှစ်စိမ်းဆိုသည်မှာ ပြုပြင်ထားခြင်းမရှိသော မျှစ်ကိုခေါ်ဆိုကြောင်း၊ မျှစ်ပြုတ် ဆိုသည်မှာ မျှစ်ကိုတစ်ရေပြုတ်ကာ ဈေးကွက်အတွင်းသို့ ရောင်းချသည့်မျှစ်ဖြစ်ကြောင်း၊ ယခုအခါ မျှစ်များကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြပြီး၂၀၂၅ခုနှစ် ၊ဇွန်လ စတုတ္ထပတ်တွင် မျှစ်စိမ်း (၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ မျှစ်စိမ်း(၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်၊ မျှစ်စိမ်း (၂၅)ကျပ် သားလျှင် (၂၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ မျှစ်ပြုတ်(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ မျှစ်ပြုတ်(၅၀) ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ မျှစ်ပြုတ်(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)