
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။
ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ကန်စွန်းရွက် နှင့်ခံသီးပင်များကိုစိုက်ပျိုးကြကြောင်း၊ ကန်စွန်းရွက်နှင့် ခံသီးများကို ကန့်ဘလူမြို့မဈေးတွင်ရောင်း ချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန်စွန်းရွက်(၁)စည်းလျှင်(၂၀၀)ကျပ်၊ ကန်စွန်း ရွက်(၃)စည်းလျှင်(၅၀၀)ကျပ်နှင့် ခံသီး(၁)ဘူးလျှင် (၃၀၀)ကျပ်၊ ခံသီး(၁)ပြည်လျှင်(၂၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)