
၂၀၂၅ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ကော့သောင်းခရိုင် ကုန်သည်ကြီးများ အသင်းအစည်းအဝေးခန်းမ၌ ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ် မြသီတာ (ဦးစီးအရာရှိ)သည် ကော့သောင်းခရိုင် လက်ကားကိုယ်စားလှယ် ဦးနိုင်လင်းနှင့် အတူ စားအုန်းဆီ လက်လီအရောင်းဆိုင် (၂၅)တို့အား စားအုန်းဆီများအား သတ်မှတ်ရည် ညွှန်းစျေးနှုန်းဖြင့် ရောင်းချစေရေး တွေ့ဆုံဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)မှ ဌာနအ နေဖြင့် စားသုံးသူပြည်သူများကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများဝယ်ယူ သုံးစွဲနိုင် ရေးအတွက် ဌာနမှ ကြပ်မတ်ထိန်းကျောင်းလျက်ရှိပါကြောင်း၊ အပတ်စဉ်ထုတ်ပြန်ထားသည့် ရန်ကုန်အထိုင်ရည်ညွှန်းစျေးအပေါ် ဒေသအရောက်စျေးနှုန်းများပေါ် ၂% အမြတ် ထက်မပိုသော စျေးနှုန်းဖြင့် လက်လီစားအုန်းဆီအရောင်းဆိုင်များမှ ဖြစ်သင့်ဖြစ်ထိုက် သည့်စျေးနှုန်းဖြင့် ရောင်းချစေရန်၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်၊ အလေးချိန် တွယ်မှန်ကန်စေရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ လစဉ်လဝက်နှင့် နောက်ဆုံး အပတ်တို့တွင် လက်လီစားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက် ရာတွင် စျေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ မသမာသောနည်းဖြင့် ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း အသိပေး၊ သတိပေး ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)