Main menu

သပြေငုတ်ဈေးနှုန်းဈေးကွက်

Powered by Drupal

မြန်မာလူမျိုးတို့ ဘုရားပန်းတင်သည့်အခါ အောင်သပြေပန်းမှာ မပါမဖြစ်ဖြစ်ပါတယ်။ ယခုဆိုလျှင် ပန်းစျေးကွက်တွင် မြန်မာသပြေ လို့ခေါ်တဲ့ အောင်သပြေညွန့်အပြင်၊ အဲ့ဒီအောင်သပြေကိုမှ ငုတ်လေးတွေ တူးရောင်းတဲ့ သပြေငုတ်၊ အညွှန့်လေးတွေ ရဲရဲတောက်နေအောင်လှတဲ့ အာဆီယံသပြေ စတဲ့ သပြေပန်းမျိုးစုံကလည်း သူ့စျေးကွက်နဲ့သူ နေရာယူလျှက်ရှိပါသည်။သပြေပင်ကို ရာသီမရွေး စိုက်ပျိုးနိုင်ပါတယ်။ ရေကြိုက်သည့် အပင်အမျိုးအစားဖြစ်သည့်အတွက် သပြေပင်စိုက်တော့မယ်ဆိုရင် ရေရရှိတဲ့ အရပ်ဒေသ၊ ရေသွယ်ယူလို့ လွယ်ကူတဲ့ နေရာမျိုးမှာ စိုက်ပျိုးရပါမယ်။ သပြေပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပါသည်။

ထို့ပြင်သပြေငုတ်သည် ဘုရားပန်းတင်ရာတွင် ကြာရှည်ခံသောကြောင့် လူကြိုက်များပါသည်။ သပြေငုတ်အကြီးတစ်ပင်လျင် (၁၀၀၀)၊အသေး (၃)ပင်လျင်(၁၀၀၀) ရောင်းရကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)