Main menu

စားသုံးဆီနှင့်စားဖိုဆောင်သီးနှံဈေးနှုန်း

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့တွင် ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းနှင့်စာဖိုဆောင် သီးနှံဈေးနှုန်းများမှာ မြေပဲဆီ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ နေကြာဆီ (၁)ပိဿာလျှင် (၂၀၀၀၀) ကျပ်နှင့် စားအုန်းဆီ (၁)ပိဿာလျှင်(၆၈၀၀) ကျပ် တို့ဖြစ်ပြီး စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင်(၁၈၀၀)ကျပ်၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင်(၇၅၀၀)ကျပ်၊ ဂျင်း (၁)ပိဿာ လျှင်(၄၅၀၀) ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၁၀၀၀) ကျပ်၊ အာလူး (၁)ပိဿာ လျှင်(၅၀၀၀)ကျပ်၊ ကုလားပဲခြမ်း (၁)ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငရုတ်သီး (အရှည်) (၁)ပိဿာလျှင် (၁၆၅၀၀)ကျပ်၊ ငရုတ်သီး အပု (၁) ပိဿာလျှင်(၄၅၀၀၀) ကျပ်၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် (၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၃၅၀၀) ကျပ်၊ ပဲတောင်းရှည် (၁)စည်းလျှင် (၈၀၀)ကျပ်၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် (၁၅၀၀)ကျပ်၊ ကန်စွန်းရွက် (၁)စည်းလျှင် (၃၀၀)ကျပ်ခန့် တို့ရှိပါကြောင်း စားဖိုဆောင်သီးနှံ ရောင်းချသူများထံမှ သိရှိရ ပါသည်။
ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် အာလူး (၁)ပိဿာ လျှင်(၅၀၀)ကျပ်၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် (၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် (၂၀၀) ကန်စွန်းရွက် (၁)စည်းလျှင် (၅၀) ကျပ် ဈေးနှုန်းမြင့်တက်လာပြီး မြေပဲဆီ (၁)ပိဿာလျှင် (၁၀၀၀)ကျပ်၊ နေကြာဆီ (၁)ပိဿာလျှင် (၂၀၀၀) ကျပ်၊ ဂျင်း (၁)ပိဿာ လျှင်(၅၀၀) ကျပ်စီဖြင့် ဈေးနှုန်းကျဆင်းသွားကြောင်းနှင့် ကျန်စားဖိုဆောင်သီးနှံဈေးနှုန်း များ တည်ငြိမ်လျှက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ကယား)