
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်သူဇာမိုးနှင့် ဝန်ထမ်းများသည် ၄-၇-၂၀၂၅ ရက်နေ့၊ (၁၀:၀၀)နာရီအချိန်၌ မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်ကျော်ပဲကြော်လုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ် သက်၍ စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် အချက်အလက်များအား သိရှိစေရန်တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ ကြောင်းသိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲ ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်သက် ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါ ရှိရမည်ဖြစ်ပါကြောင်း၊ စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်း ချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြည်ကျော်ပဲကြော်အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၏ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ် အသားတွင်ထည့်သွင်း ဖော်ပြရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ရေးသားဖော်ပြရမည့် အချက် များအား အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
DOCA(မန္တလေး)