ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးကြက်သားဈေးနှုန်းအနေဖြင့် မန္တလေးတိုင်းဒေသကြီး ဈေးကွက်များမှ ဒေသတွင်းရှိ မွေးမြူရေးခြံများသို့ ဝင်ရောက် ဝယ်ယူခဲ့မှု ကြောင့် ခြံဖမ်းဈေးနှုန်း မြင့်တက်မှုရှိခဲ့ပါသည်။ ဒေသတွင်းသုံးစွဲမှုတွင်လည်း ပွဲတော်ရက်ကာလ အတွင်း သုံးစွဲမှုမြင့်တက်ခဲ့သဖြင့် ကြိုတင်မှာ ယူခဲ့မှုအနေအထားများကြောင့် ဈေးနှုန်းမြင့်တက် မှုရှိခဲ့ပါသည်။ လက်ကားဒိုင်(အကောင်လိုက်) ရောင်းဈေးနှုန်း (၁၃၄၀၀)ကျပ်မှ (၁၄၁၀၀)ကျပ် ဖြစ်ခဲ့ သဖြင့် လက်လီ(ခုတ်သား)ဈေးနှုန်း(၈၀၀)ကျပ်မြင့်တက်မှုရှိခဲ့ပါသည်။
ဒေသတွင်းဈေးကွက်များသို့ အောင်ပန်းဈေးကွက်များမှသာ ဝင်ရောက်မှုရှိနေပါသည်။ ဈေးကွက်များသို့ ပုံမှန်ဝင်ရောက်မှု ရှိသော်လည်း ဒေသတွင်းစိုက်ပျိုးထွက် ရှိမှုများမှ စားဖိုဆောင် သီးနှံများ ထွက်ရှိနေမှုကြောင့် အာလူးသုံးစွဲမှုလျော့ကျခဲ့ပါသည်။ အောင်ပန်းဈေးကွက်အနီးရှိ စိုက်ပျိုး မှုများမှ ထွက်ရှိမှုအားကောင်းနေသဖြင့် သီးနှံပွဲရုံ များမှ ဝယ်ယူရသည့် ဈေးနှုန်း နိမ့်ကျလာမှုနှင့်အတူ ဒေသတွင်းလက်လီဈေးနှုန်းများတွင်လည်း ကျဆင်းမှုရှိလာခဲ့ပါသည်။ အာလူးဈေးနှုန်း အနည်းငယ် ထပ်မံကျဆင်းနိုင် သည်ဟုလည်း သိရှိရပါသည်။
DOCA(နေပြည်တော်ကောင်စီ)
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်နေသည့် မွေးမြူရေးကြက်သားနှင့် အာလူး ဈေးနှုန်း/ဈေးကွက် အခြေအနေ
Powered by Drupal