
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကုလားပဲ ချောင်းများကို မိမိတို့ ဒေသထွက်အချို့ နှင့် မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။ ကုလားပဲချောင်းကြော်သည် ကြွပ်ကြွပ်ရွရွလေးဖြင့် စားလို့ကောင်းကာ ရာသီးမရွေး ရောင်းချ နိုင်သော စားသောက်ကုန် တစ်မျိုးဖြစ်ပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေသော ကုလားပဲချောင်း ဈေးနှုန်းအနေဖြင့် ကုလားပဲချောင်း လက္ကား တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ကုလားပဲချောင်း လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ကုလားပဲချောင်း (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် ကုလားပဲချောင်း (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)