
စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၁.၇.၂၀၂၅ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မရမ်းကုန်းမြို့နယ် သမိုင်း City Mart နှင့် ကမာရွတ်မြို့နယ် စံရိပ်ငြိမ်(ဂမုန်းပွင့်) တို့တွင် ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးဖြစ်သော Samsonic (ထမင်းပေါင်းအိုး)၊Royal Code (လျှပ်စစ်မီးပူ)၊ SHARP(ထမင်းပေါင်းအိုး)၊ ALPHA(ထမင်းပေါင်းအိုး)၊ HANA BISHI (လျှပ်စစ်ဒယ်အိုး)၊JAGUAR (အသားကြိတ်စက်)၊ Aid(လျှပ်စစ်ရေနွေးအိုး)၊ Islor(အား သွင်းပန်ကာ) စသောလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ၌ ပြဌာန်းထား သည့်ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိစစ်ဆေးရာ ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)