
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ဒေသထွက် အရန်ဟင်း ဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ရာသီစာဖြစ်သည့် မုန့်ညှင်းချဉ် လုပ်ငန်းကို လုပ်ကိုင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးမှာ နှစ်ပေါင်းများစွာ အချဉ်မျိုးစုံဖြစ်သည့် ပဲတီချဉ်၊ မုန့်ညှင်းချဉ်၊ သရက်ချဉ်၊ မုံလာချဉ်၊ သရက်သီးကုလာတည်ချဉ်၊ နှမ်းပတ်ချဉ်နှင့် သံပုရာချဉ်တို့ကို လုပ်ကိုင်ရောင်းချ လျက်ရှိရာ မုန့်ညှင်းချဉ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ မုန့်ညှင်းချဉ်ကို စားသုံးသူများမှ အရန် ဟင်းတစ်မျိုးအဖြစ် အသုံးပြုသည့်အပြင် မုန့်တီ၊ မုန့်ဟင်းခါး၊ ရေစိမ်ဆိုင်များ နှင့် ထမင်းဆိုင်များတွင် အသုံးပြုသည့်အတွက် ရောင်းကောင်းလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်တွင် မုန့်ညှင်းချဉ် ဈေးနှုန်းအနေဖြင့် မုန့်ညှင်းချဉ် လက္ကား တစ်ပိဿာလျှင်(၂၇၀၀)ကျပ်၊ မုံညှင်းချဉ် လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် လက်ဖက်ရည် သောက်ပန်ကန် တစ်ပန်ကန်လျှင်(၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးအတွင်း လက်လုပ်ချဉ်များ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)