
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး ကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချကြပြီး ရာသီချိန်မဟုတ်သည့် ကာလ များတွင် ရွှေဖရုံသီးများ ကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး အကြီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ရွှေဖရုံသီး အလတ် တစ်လုံး လျှင်(၂၅၀၀) ကျပ်၊ ရွှေဖရုံသီး အသေး တစ်လုံးလျှင်(၂၀၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဘူးသီး ဈေးနှုန်း အနေဖြင့် ဘူးသီးအလုံး(အကြီး) တစ်လုံး လျှင် လက္ကားဈေး(၂၈၀၀)၊ ဘူးသီးအလုံး(အကြီး) တစ်လုံးလျှင် လက်လီဈေး(၃၀၀၀)ကျပ်၊ ဘူးသီး (အလတ်) တစ်လုံးလျှင် လက္ကားဈေး(၂၃၀၀)ကျပ်နှင့် ဘူးသီး (အလတ်)တစ်လုံးလျှင် လက်လီဈေး (၂၅၀၀) ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်လက္ကားဈေး(၁၈၀၀)ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင် လက်လီဈေး (၂၀၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)