Main menu

“ ခရမ်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကအစားအသောက်ကိုင်တွယ် ရောင်းချနေသူ များအားအသည်းရောဂါများစစ်ဆေးမှုဆောင်ရွက်ခြင်း”

Powered by Drupal
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ အစားအသောက်ကိုင်တွယ် ရောင်းချနေသူများအား အသည်းရောင်အသားဝါရောဂါများ ရှိ/မရှိအား ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ဦးဆောင်၍ ဇူလိုင်လ(၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်မှစ၍ စစ်ဆေးမှုများ ဆောင်ရွက်နေခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ် ငန်းများ ဆောင်ရွက်ရာ ပိုမိုအားကောင်းလာစေရန် မြို့နယ်များရှိ ပြည်သူလူထုများထဲမှ အစား အသောက်ကိုင်တွယ်ရောင်းချနေသူ အသိုင်းအဝိုင်းများတွင် အသည်းရောင်အသားဝါ ဘီနှင့်စီ ရောဂါ ဖြစ်ပွားမှုနှုန်းကို သိရှိရန် ရောဂါဖြစ်ပွားမှုကို စောလျင်စွာ ဖော်ထုတ်နိုင်ပြီး အချိန်မှီ ကုသမှုလက်လှမ်းမှီနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ခရမ်းမြို့နယ်အတွင်းရှိ အစားအသောက်ကိုင်တွယ် ရောင်းချသူ လူဦးရေ(၃၀၀)အထိ စစ်ဆေးမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)