
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၅၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၅၅၀၀)ကျပ်နှင့် ဂျင်းပေါက်(၁)ပိဿာလျှင် (၄၅၀၀)ကျပ်နှင့် ဂျင်းပေါက်လက္ကားဈေး တစ်ပိဿာ လျှင်(၄၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဂျင်းပေါက်ကို ဂျင်းသုပ်၊ လဖက်နှင့်ရော၍လည်ကောင်း အခြားအစားအသောက်များနှင့် တွဲဖက်၍လည်းကောင်း အသုံးပြုကြကြောင်း၊ ဂျင်းတက်/ဂျင်းပေါက် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။
Doca(စစ်ကိုင်း)