
ဂေါ်ရခါးသီးသည် အပူပိုင်းနှစ်ရှည်သီးနှံပင်မျိုးဖြစ်သည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော် လှော်စားသုံးနိုင်သည်။ အသီးကိုလည်း ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်သည်။ အကြမ်းခံသော အပင်ဖြစ်ပြီး မြေအမျိုးအစား အမျိုးမျိူးတွင် စိုက်ပျိုးနိုင်သည်။ တစ်ကိုင်းလျှင် (၈) လုံးထိထွက်နိုင်ပြီး တစ်ပင်မှပျှမ်းမျှအလုံး (၂၀၀-၃၀၀) ရနိုင်ပါသည်။ ခူးဆွတ်ထားသော အသီးများကို အေးသော နေရာတွင် ထားသင့်သည်။
ထားဝယ်မြို့ရှိ စည်ပင်သာယာစျေးအတွင်း၌ ဂေါ်ရခါးသီး တစ်လုံးလျှင် (၅၀၀ မှ ၇၀၀) ကျပ်ရှိပြီး ရာသီမရွေး အသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အိမ်သုံးစရိတ် ရရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)