Main menu

မကွေးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

Powered by Drupal
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံး/ထုတ်လုံ တာဝန်ခံအရာရှိ ဦးဆောင်သော ဝန်ထမ်းအဖွဲ့သည် (၃.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၆)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၁)ဦး စုစုပေါင်း (၁၀၇)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် စားသုံး/ထုတ်လုံ တာဝန်ခံအရာရှိက ဌာန သမိုင်းကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေဖြစ်ပေါ်လာပုံအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို လည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးစီးမှူးက ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ အချက်အလက်များနှင့် စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းနှင့် စားသုံးသူပြည်သူများ အနေဖြင့် Online Sales ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များအား လည်းကောင်း Power Point ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများမှ သိလိုသည်များမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခြင်းနှင့် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ DOCA(မကွေး)