Main menu

တောင်ငူမြို့ရှိ ပုဂ္ဂလိကဆေးရုံများနှင့် စားသောက်ကုန်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ (၈.၇.၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်သောအဖွဲ့က တောင်ငူမြို့ရှိ ပုဂ္ဂလိကဆေးရုံကြီးများနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ တော်ဝင်ဆေးရုံနှင့် ကေတုဆေးရုံမျာတွင် အမျိုးသား ဆေးဝါး ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ တရားမဝင်ဆေးဝါးများ အသုံးပြုခြင်းရှိ/မရှိကို စစ်ဆေးခဲ့ပြီး တောင်ငူမြို့ အမှတ်(၅)ရပ်ကွက်ရှိ Virdy ဒိန်ချဉ်လုပ်ငန်းတွင် ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် အမျိုးသားအစားအသောက်ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။ ပူးပေါင်းအဖွဲ့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမီမီခင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးသန္တာတို့ ဦးဆောင်သော ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရပါသည်။ DOCA(ပဲခူး)