Main menu

အထက်မင်းလှမြို့နယ်၊ ရွာတောကျေးရွာ၌ မိုးနှမ်းစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ရွာတောကျေးရွာအုပ်စု၊ ရွာတော ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ကုလားပဲ၊ နေကြာ၊ နှမ်းနှင့် အခြား မီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလ (စတုတ္ထပတ်) မှစတင်၍ တောင်သူ(၄၀)ဦးခန့်မှ စိုက်ဧက(၃၀၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ရွာတောကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်(၁၉)ဧကခန့်ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)နှင့်(၉၅)ရက်အကြာတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် သိပ္ပံနှမ်းနက်နှင့် ဆင်းရတနာ-၁၄ နှမ်းနက်မျိုးကို အများဆုံး စိုက်ပျိုး ပြီး (၁)ဧကလျှင် မျိုး(၂)ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးကို အထက်မင်းလှမြို့ပေါ်ရှိပွဲရုံများမှ ဝယ်ယူပြီး မျိုးသန့်မှုပေါ်မူတည်၍ (၁)ပြည်လျှင် ကျပ်(၂၀၀၀၀)ပေးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ် က(၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ်(၄၀၀၀၀၀)ခန့် ကုန်ကျသော်လည်း ယခုနှစ်တွင်မှု သွင်းအားစုစရိတ်မြင့်တက်လာ၍ ကျပ် (၅၅၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် တင်းရေ(၁၀)တင်း ထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှမ်းနက်(၁)တင်းလျှင် ကျပ်(၁၈၅၀၀၀)ထိဈေးရရှိ၍ အကျိုးအမြတ် အနေဖြင့် ကျပ်(၁၄၅၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ ယခင်နှစ်က မိုးနှမ်းအနေဖြင့် နှမ်းနက်မှာ ရာသီဥတုသမမျှတမှုနည်း၍ အထွက်နှုန်းလျော့ နည်းခဲ့သော်လည်း ဈေးကောင်းရရှိသောကြောင့် စိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုး အမြတ်ရရှိ၍ အဆင်ပြေပါကြောင်း၊ မိုးနှမ်းမှာ ရာသီဥတုပေါ်မူတည်၍စိုက်ပျိုးရပြီး မိုးများ သည့်အခါတွင် နှမ်းပင်များပျက်စီး၍ အထွက်နှုန်းလျော့နိုင်ပြီး မိုးနည်းသည့်အခါတွင်လည်း မျိုးအောင်မူနည်း၍ အထွက်နှုန်းလျော့နည်းနိုင်ကြောင်း၊ ယခုနှစ်တွင်မူ မိုးရွာသွန်းမှုများ၍ ရေဝပ်မှုများသည့်အတွက် နှမ်းစိုက်ခင်းတချို့တွင် နှမ်းပင်များအသေအပျောက်များရှိသော်လည်း ရေဝပ်မှုမရှိသည့် ကျောက်ကုန်း မြေပေါ်တွင် စိုက်ပျိုးထားသည့် နှမ်းစိုက်ခင်းများမှာ ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခင်နှစ်ကအတိုင်း နှမ်းအထွက်နှုန်းလျော့ကျနိုင်သော်လည်း ဈေးကောင်းရရှိပါက နှမ်းစိုက်တောင်သူ များအနေဖြင့် အကျိုးအမြတ်များရရှိနိုင်ပါကြောင်း သိရှိရသည်။ DOCA (မကွေး)