
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့ စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပတိရုပ် ကောင်းမွန်စေရေးအတွက် ကော့မှူးမြို့နယ် ရပ်ကွက်ကျေးရွာများရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းလှပ စေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဇွန်လ (၅)ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန်တွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကော့မှူမြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ကော့မှူးမြို့နယ် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက မြို့သစ်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ အုတ် ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် စာသင်ခန်းများအား ခြင်ဆေးဖျန်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)