
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ လစဉ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မရပ်ကွက် အ.မ.က အရှေ့ပိုင်းကျောင်းတွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူ အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စားသုံးသူရေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆွေနွယ်ဦး၊ မြို့နယ် တိုင်းရင်းဆေးပညာကုသရေးဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုး၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည် ကွမ်းခြံကုန်းမြို့နယ် မြို့မရပ်ကွက်တွင် အ.မ.က အရှေ့ပိုင်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ ဟောပြောပွဲတွင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ကလေး များစာဖတ်ကြစေဖို့ကြောင်း၊ စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးများ၊ အလိမ္မာစာမှာရှိ၊ ပညာရွှေအိုး လူမခိုး စသည့်ဖြင့် ဆောင်ပုဒ်များနှင့် လူငယ်လူကောင်းဖြစ်ရန်စာများများ ဖတ်စေလိုကြောင်း ဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရန် လက်ဆေးကြရန်၊ လက်မဆေးခြင်း ကြောင့် ဖြစ်ပေါ်လာနိုင်မည့်ရောဂါများအကြောင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ၏ အဓိပ္ပါယ်နှင့် အစားအစာများ ဝယ်ယူရာတွင် ကြည့်ရှု့ရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်စည်များဝယ်ယူရာတွင် သတိပြု ရမည့်အချက်များနှင့် စားသုံးသူများ နစ်နာမှုရှိလျှင် တိုင်ကြားနိုင်ခြင်းများအကြောင်းတို့ကို ကလေးများ နားလည်နိုင်သည့် အရွယ်နှင့်ညီမျှသော အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၀)ဦးတက်ရောက်ခဲ့ပြီး အ.မ.က အရှေ့ပိုင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မေက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)